အရက်ပြန်သောက်လျှင်COVID-19ပျောက်ကင်းနိုင် ဆိုသောသတင်းမှားကြောင့်

အီရန်တွင်လူ၃၀၀နီးပါးသေဆုံး

COVID-19 ကူးစက်မှုကို ဆိုးဆိုးရွားရွားခံနေရတဲ့ အီရန်နိုင်ငံမှာ နောက်ထပ်လူပေါင်း ၃၀၀ခန့် သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။ နိုင်ငံတလွှားမှာ သတင်းအမှားတွေ၊ သတင်းတုတွေပြန့်နှံ့နေပြီး သေဆုံးခဲ့တဲ့သူတွေက အရက်ပြန်(မက်သနော) သောက်သုံးရင် COVID-19 ကာကွယ်နိုင်တယ်ဆိုတဲ့သတင်းမှားကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ပါတယ်။

များပြားတဲ့ အီရန်လူမှုမီဒီယာတွေကနေ ဘာသာရေးဆိုင်ရာ ယုံကြည်ချက်တွေ၊ အိမ်တွင်းကုထုံးများ ပြန့်နှံ့လာပြီးနောက်မှာ ပြည်သူလူထုက အစိုးရရဲ့ ခေါင်းဆောင်မှုကို သံသယဖြစ်လာခဲ့ကြပါတယ်

အရက်ပြန်ကြောင့်သေဆုံးခဲ့ရတဲ့ ၅ နှစ်အရွယ်ကလေးတစ်ဦးရဲ့ ရုပ်အလောင်းအနားမှာ အောက်ဆီဂျင်ဝတ်စုံနဲ့ အီရန်ကျန်းမာရေးဝန်ထမ်းတစ်ဦး မတ်တပ်ရပ်ပြီး အနားမှာဝိုင်းအုံကြည့်နေတဲ့လူတွေကိုသတင်းအမှားတွေမယုံကြဖို့၊ COVID-19 ကာကွယ်တယ်ဆိုတိုင်း အရက်ပြန်တွေလိုက်မသောက်ဖို့ မေတ္တာရပ်ခံနေပါတယ်။

အီရန်သတင်းဌာနတွေရဲ့ ထုတ်ပြန်ချက်အရ အရက်ပြန်သောက်သုံးမှုကြောင့် လူပေါင်း ၃၀၀ နီးနီးသေဆုံးပြီး ၁၀၀၀ ကျော်ကတော့ နာမကျန်းဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ အီရန်အစိုးရဟာ COVID-19ထက် ဆိုရှယ်မီဒီယာတွေပေါ်မှာ ဗလပွဖြစ်နေတဲ့ သတင်းမှားတွေကို ပိုပြီး စိုးရိမ်နေတယ်လို့သိရပါတယ်။

Credits

WeMedia, South China Morning Post

Leave a comment

Design a site like this with WordPress.com
Get started