Online သတင်းများ စုစည်းမှု

လက်ဘနွန်မြို့တော်ဘေရွတ်တွင် ဧရာမပေါက်ကွဲမှုကြီးဖြစ်ပွား(with video)

လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်မြို့တွင် ဩဂုတ်4ရက် ဒေသစံတော်ချိန် ညနေ6နာရီခန့်တွင် ကြီးမားတဲ့ပေါက်ကွဲမှုကြီးဖြစ်ပွားတယ်လို့ သိရှိရပါတယ်။ ၎င်းပေါက်ကွဲမှုဟာ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဒုတိယအကြိမ်မှာတော့ ပြင်းထန်စွာပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ဒေသအာဏာပိုင်တွေကတော့ လူ70ခန့်သေဆုံးပြီး ထောင်နဲ့ချီဒဏ်ရာရရှိတယ်လို့ CNN Newsကိုပြောပါတယ်။ အဲဒီပေါက်ကွဲမှုဟာ မီးရှူးမီးပန်းတွေသိုလှောင်တဲ့ ဂိုဒေါင်ကစတင်ခဲ့တယ်လို့ သိရှိရပါတယ်။ အဲဒီဂိုဒေါင်တွေဟာ 2014ခုနှစ်ကတည်းက တည်ရှိနေတာဖြစ်ပြီး ပေါက်ကွဲတတ်တဲ့ဓာတုဗေဒပစ္စည်းတွေကိုလည်း သိုလှောင်ထားတယ်လို့ သိရှိရပါတယ်။

မြန်မာနိုင်ငံတွင်COVID-19ကြောင့် (၂)ဦးထပ်မံသေဆုံး

COVID-19ဓာတ်ခွဲအတည်ပြုလူနာ Case-17 နှင့် Case-16 တို့သေးဆုံးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ၁။ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် နေထိုင်သော (၂-၄-၂၀၂၀) ရက်နေ့တွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ရသဖြင့် ဓာတ်ခွဲအတည်ပြုလူနာ (Case -17) အဖြစ် ကြေညာခဲ့သည့် အသက် (၄၇) နှစ်အရွယ် သွေးတိုးရောဂါအခံရှိသူ အမျိုးသားတစ်ဦးအား (၂-၄-၂၀၂၀) ရက်နေ့၊ ညတွင် ပြည်သူ့ဆေးရုံ၊ ပြည်မြို့တွင် ကုသမှုပေးခဲ့ပါသည်။အဆိုပါလူနာသည် (၆-၄-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ချောင်းဆိုးသွေးပါခြင်း၊ မောပန်း ခြင်း စသည့်လက္ခဏာများ ခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ပြည်မြို့ရှိ အထူးကြပ်မတ်ကုသခန်းသို့ ပြောင်းရွှေ့ကုသမှုခံယူစေခဲ့ပြီး အထူး ကြပ်မတ်ခန်း၌ ဆေးကုသမှုပေးနေစဉ် အဆိုပါလူနာမှာ (၇-၄-၂၀၂၀) ရက်နေ့တွင် အမောဖောက်ခြင်း၊ သွေးတွင်းအောက်စီဂျင်ဓာတ် ကျဆင်းခြင်း လက္ခဏာများခံစားခဲ့ရကာ ပြည်သူ့ဆေးရုံကြီး၊…


Follow My Blog

Get new content delivered directly to your inbox.

Design a site like this with WordPress.com
Get started