
လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်မြို့တွင် ဩဂုတ်4ရက် ဒေသစံတော်ချိန် ညနေ6နာရီခန့်တွင် ကြီးမားတဲ့ပေါက်ကွဲမှုကြီးဖြစ်ပွားတယ်လို့ သိရှိရပါတယ်။

၎င်းပေါက်ကွဲမှုဟာ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဒုတိယအကြိမ်မှာတော့ ပြင်းထန်စွာပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
ဒေသအာဏာပိုင်တွေကတော့ လူ70ခန့်သေဆုံးပြီး ထောင်နဲ့ချီဒဏ်ရာရရှိတယ်လို့ CNN Newsကိုပြောပါတယ်။

အဲဒီပေါက်ကွဲမှုဟာ မီးရှူးမီးပန်းတွေသိုလှောင်တဲ့ ဂိုဒေါင်ကစတင်ခဲ့တယ်လို့ သိရှိရပါတယ်။

အဲဒီဂိုဒေါင်တွေဟာ 2014ခုနှစ်ကတည်းက တည်ရှိနေတာဖြစ်ပြီး ပေါက်ကွဲတတ်တဲ့ဓာတုဗေဒပစ္စည်းတွေကိုလည်း သိုလှောင်ထားတယ်လို့ သိရှိရပါတယ်။
