အုတ်ဖို မတ် 11 တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာဖြေဆိုနေသောနေ့တွင် အုတ်ဖိုအထကမှ မီးလောင်မှုအားတွေ့ရစဉ် မီးငြိမ်းပြီဖြစ်ကြောင်းသိရ Credit https://mobile.facebook.com/story.php?story_fbid=1516945361800906&id=100004563690204&_rdr
Category Archives: Uncategorized
ကမ္မကြီးကျေးရွာတွင်မီးလောင်မှုဖြစ်ပွား
ခါမ်းပါတ်၈မတ် စစ်ကိုင်းတိုင်းဒေသကြီးတမူးခရိုင်ခါမ်းပါတ်မြို့ကမ္မကြီးကျေးရွာတွင်ယနေ့နံနက်၁နာရီ၁၀မိနစ်ခန့်ကမီးကြွင်းမီးကျန်မှတစ်ဆင့်နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာခါမ်းပါတ်မြို့ကမ္မကြီးကျေးရွာနေမခင်မာဆွေ(၅၀)နှစ်၏သွပ်မိုး၊ထရံကာ၊ပျဉ်ခင်းပေ၄၀ပတ်လည်ခန့်ရှိနေအိမ်ကုန်စုံဆိုင်မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ပြီးကျေးရွာသူ၊ကျေးရွာသားများမှဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်းသိရသည်။ အဆိုပါမီးလောင်မှုကြောင့်လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှု၊ပတ်ဝန်းကျင်များသို့ကူးစက်မှုမရှိဘဲနံနက်၁နာရီခွဲခန့်တွင်မီးငြိမ်းခဲ့ကြကြောင်းသိရသည်။ “အဓိကကတော့ကုန်စုံဆိုင်ဆိုတော့လောင်စာအားကောင်းတယ်။နောက်မီးငြှိမ်းသတ်ဖို့ကလဲလက်လှုပ်တွင်းတွေကနေလှုပ်ရတာဆိုတော့အချိန်ကြာတယ်။ဖြစ်နိုင်ရင်ကျွန်တော်တို့ကျေးလက်တွေမှာလဲအပေါ့စားမီးသတ်စက်လေးတွေထားရှိပေးစေချင်တယ်။ဒါမှမဟုတ်တတ်နိုင်သူတွေစုပေါင်းပြီးရေစုပ်စက်တွေ၊ရေပိုက်တွေဝယ်ယူစုဆောင်းထားသင့်ပါတယ်။နောက်လောင်စာတွေဖြစ်တဲ့ကောက်ရိုးတွေ၊ဓာတ်ဆီ၊ဒီဇယ်ဆီစတာတွေကိုကျေးရွာတွင်းမှာအများအပြားမသိုလှောင်ကြဖို့လည်းလိုပါမယ်။သည်နေ့ဆိုဆီပေပါတွေရှိတယ်။ဒါတွေကိုအချိန်မီဖယ်ထုတ်နိုင်ခဲ့လို့သာဒါမှမဟုတ်ရင်တော့သည်ထက်ပိုဆိုးသွားနိုင်ပါတယ်”ဟုဒေသခံတစ်ဦးကပြောသည်။ နေအိမ်များတွင်လောင်စာဆီ၅ဂါလန်ထက်ပို၍မသိုလှောင်ကြရန်သက်ဆိုင်ရာမှညွှန်ကြားထားသော်လည်းလိုက်နာမှုအားနည်းကြောင်းသိရသည်။ Credit သားငယ်(ပထဝီဝင်)