လက်ဘနွန်မြို့တော်ဘေရွတ်တွင် ဧရာမပေါက်ကွဲမှုကြီးဖြစ်ပွား(with video)

လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်မြို့တွင် ဩဂုတ်4ရက် ဒေသစံတော်ချိန် ညနေ6နာရီခန့်တွင် ကြီးမားတဲ့ပေါက်ကွဲမှုကြီးဖြစ်ပွားတယ်လို့ သိရှိရပါတယ်။ ၎င်းပေါက်ကွဲမှုဟာ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဒုတိယအကြိမ်မှာတော့ ပြင်းထန်စွာပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ဒေသအာဏာပိုင်တွေကတော့ လူ70ခန့်သေဆုံးပြီး ထောင်နဲ့ချီဒဏ်ရာရရှိတယ်လို့ CNN Newsကိုပြောပါတယ်။ အဲဒီပေါက်ကွဲမှုဟာ မီးရှူးမီးပန်းတွေသိုလှောင်တဲ့ ဂိုဒေါင်ကစတင်ခဲ့တယ်လို့ သိရှိရပါတယ်။ အဲဒီဂိုဒေါင်တွေဟာ 2014ခုနှစ်ကတည်းက တည်ရှိနေတာဖြစ်ပြီး ပေါက်ကွဲတတ်တဲ့ဓာတုဗေဒပစ္စည်းတွေကိုလည်း သိုလှောင်ထားတယ်လို့ သိရှိရပါတယ်။

မြန်မာနိုင်ငံတွင်COVID-19ကြောင့် (၂)ဦးထပ်မံသေဆုံး

COVID-19ဓာတ်ခွဲအတည်ပြုလူနာ Case-17 နှင့် Case-16 တို့သေးဆုံးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ၁။ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် နေထိုင်သော (၂-၄-၂၀၂၀) ရက်နေ့တွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ရသဖြင့် ဓာတ်ခွဲအတည်ပြုလူနာ (Case -17) အဖြစ် ကြေညာခဲ့သည့် အသက် (၄၇) နှစ်အရွယ် သွေးတိုးရောဂါအခံရှိသူ အမျိုးသားတစ်ဦးအား (၂-၄-၂၀၂၀) ရက်နေ့၊ ညတွင် ပြည်သူ့ဆေးရုံ၊ ပြည်မြို့တွင် ကုသမှုပေးခဲ့ပါသည်။အဆိုပါလူနာသည် (၆-၄-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ချောင်းဆိုးသွေးပါခြင်း၊ မောပန်း ခြင်း စသည့်လက္ခဏာများ ခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ပြည်မြို့ရှိ အထူးကြပ်မတ်ကုသခန်းသို့ ပြောင်းရွှေ့ကုသမှုခံယူစေခဲ့ပြီး အထူး ကြပ်မတ်ခန်း၌ ဆေးကုသမှုပေးနေစဉ် အဆိုပါလူနာမှာ (၇-၄-၂၀၂၀) ရက်နေ့တွင် အမောဖောက်ခြင်း၊ သွေးတွင်းအောက်စီဂျင်ဓာတ် ကျဆင်းခြင်း လက္ခဏာများခံစားခဲ့ရကာ ပြည်သူ့ဆေးရုံကြီး၊Continue reading “မြန်မာနိုင်ငံတွင်COVID-19ကြောင့် (၂)ဦးထပ်မံသေဆုံး”

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၁ ဦး သေဆုံး (Case-5)

သင်္ဂြိုဟ်ရန် ညွှန်ကြားချက်စောင့်နေ မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ COVID-19 ဗိုင်းရပ်စ်ရောဂါ စက်ခံထားရသူ အတည်ပြုလူနာတစ်ဦး(C-5) မတ်လ ၃၁ ရက် မနက် ၇ နာရီ ၄၀ မိနစ်က သေဆုံးသွားတယ်လို့ သက်ဆိုင်ရာအုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ သေဆုံးသွားတဲ့ လူနာနေထိုင်တဲ့ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဖို့မြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းက “ဆုံးသွားတာဟုတ်ပါတယ်။ အသုဘလိုက်ပို့တာ စီစဉ်ဖို့ကလည်း ဘယ်လိုလုပ်ရမယ်ဆိုတာ ညွှန်ကြားချက်တွေ မလာသေးပါဘူး။ ဘယ်သူလိုက်ပို့မလဲဆိုတာ အပေါ်ကဆုံးဖြတ်မှာပါ။ သင်္ဂြိုဟ်ဖို့ကိစ္စက ဘာလုပ်ရမလဲ ညွှန်ကြားတဲ့ အပေါ်မူတည်ပါတယ်။ ခုတော့ဘယ်သူမှလိုက်ပို့ခွင့်မပြုထားပါဘူး။ ကျနော့်အနေနဲ့ဒီ သတင်းကိုတော့အတည်ပြုပါတယ်။ အရင်ကကောလဟာလထွက်တုန်းကလည်းမ ဟုတ်ရင် မဟုတ်ဖူးပဲပြောခဲ့တာ။ လောလောဆယ်တော့ မိသားစုတွေလည်းဘယ်သူ့ကိုမှ အပြင်ထွက်ခွင့်မပြုထားပါဘူး”လို့ ပြောပါတယ်။ သေဆုံးသွားတဲ့ လူနာနံပတ် ၅ (COVID-19 Case5)ဟာ နှာခေါင်းကင်ဆာရောဂါကို သြစတြေးလျနိုင်ငံတွင်တစ်လခန့်Continue reading “မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၁ ဦး သေဆုံး (Case-5)”

အရက်ပြန်သောက်လျှင်COVID-19ပျောက်ကင်းနိုင် ဆိုသောသတင်းမှားကြောင့်

အီရန်တွင်လူ၃၀၀နီးပါးသေဆုံး COVID-19 ကူးစက်မှုကို ဆိုးဆိုးရွားရွားခံနေရတဲ့ အီရန်နိုင်ငံမှာ နောက်ထပ်လူပေါင်း ၃၀၀ခန့် သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။ နိုင်ငံတလွှားမှာ သတင်းအမှားတွေ၊ သတင်းတုတွေပြန့်နှံ့နေပြီး သေဆုံးခဲ့တဲ့သူတွေက အရက်ပြန်(မက်သနော) သောက်သုံးရင် COVID-19 ကာကွယ်နိုင်တယ်ဆိုတဲ့သတင်းမှားကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ပါတယ်။ များပြားတဲ့ အီရန်လူမှုမီဒီယာတွေကနေ ဘာသာရေးဆိုင်ရာ ယုံကြည်ချက်တွေ၊ အိမ်တွင်းကုထုံးများ ပြန့်နှံ့လာပြီးနောက်မှာ ပြည်သူလူထုက အစိုးရရဲ့ ခေါင်းဆောင်မှုကို သံသယဖြစ်လာခဲ့ကြပါတယ် အရက်ပြန်ကြောင့်သေဆုံးခဲ့ရတဲ့ ၅ နှစ်အရွယ်ကလေးတစ်ဦးရဲ့ ရုပ်အလောင်းအနားမှာ အောက်ဆီဂျင်ဝတ်စုံနဲ့ အီရန်ကျန်းမာရေးဝန်ထမ်းတစ်ဦး မတ်တပ်ရပ်ပြီး အနားမှာဝိုင်းအုံကြည့်နေတဲ့လူတွေကိုသတင်းအမှားတွေမယုံကြဖို့၊ COVID-19 ကာကွယ်တယ်ဆိုတိုင်း အရက်ပြန်တွေလိုက်မသောက်ဖို့ မေတ္တာရပ်ခံနေပါတယ်။ အီရန်သတင်းဌာနတွေရဲ့ ထုတ်ပြန်ချက်အရ အရက်ပြန်သောက်သုံးမှုကြောင့် လူပေါင်း ၃၀၀ နီးနီးသေဆုံးပြီး ၁၀၀၀ ကျော်ကတော့ နာမကျန်းဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ အီရန်အစိုးရဟာ COVID-19ထက် ဆိုရှယ်မီဒီယာတွေပေါ်မှာ ဗလပွဖြစ်နေတဲ့ သတင်းမှားတွေကို ပိုပြီးContinue reading “အရက်ပြန်သောက်လျှင်COVID-19ပျောက်ကင်းနိုင် ဆိုသောသတင်းမှားကြောင့်”

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်တိုင်းအတွင်း ကျောင်းနှင့် ရုပ်ရှင်ရုံများ ပိတ်မည်ဆိုသည့် သတင်းမှာ ကောလာဟလသာဖြစ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်တိုင်းအတွင်း ကျောင်းနှင့် ရုပ်ရှင်ရုံများ ပိတ်မည်ဆိုသည့် သတင်းမှာ ကောလာဟလသာဖြစ်ပြီး ရန်ကုန်သင်္ကြန်ပြုလုပ်ခြင်း ရှိ မရှိ အတိအကျ မထုတ်ပြန်ရသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။ “ကျောင်းတွေ ရုပ်ရှင်ရုံတွေပိတ်မယ် ဆိုတာကလလည်း ကောလာဟလ အတိုင်းသာ သဘောထားရမယ်။ ရန်ကုန်တိုင်းမှာ ယနေ့အထိ ဒါတွေတရားဝင် ထုတ်ပြန်ချက် မရှိသေးဘူးဆိုတာ ပြောချင်ပါတယ်။ သင်္ကြန်အတွက်ကိုလည်း ဆုံးဖြတ်ချက် မချသေးဘူး။ လျှောက်ထားမူကို စည်ပင်အနေနဲ့ လက်ခံထားပေးတယ်။ ကျန်တာဘာမှ ထွေထွေထူးထူး မရှိပါဘူး။ ဒီကိစ္စက ထိန်ချန်ထားလို့ရတဲ့ ကိစ္စမဟုတ်ဘူး” ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။ ထို့ပြင် လူမူကွန်ယက် စာမျက်နှာများတွင် ကိုရိုနာဗိုင်းရပ်စ်အား ကြိုတင်ကာကွယ်မူ အနေဖြင့် ကျောင်းများ ရုပ်ရှင်ရုံများကို ခေတ္တပိတ်ထားမည်ဆိုသည့်Continue reading “ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်တိုင်းအတွင်း ကျောင်းနှင့် ရုပ်ရှင်ရုံများ ပိတ်မည်ဆိုသည့် သတင်းမှာ ကောလာဟလသာဖြစ်”

အုတ်ဖိုအထကအနီးတွင် ရေမွှေးမီးလောင်မှုဖြစ်ပွား

အုတ်ဖို မတ် 11 တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာဖြေဆိုနေသောနေ့တွင် အုတ်ဖိုအထကမှ မီးလောင်မှုအားတွေ့ရစဉ် မီးငြိမ်းပြီဖြစ်ကြောင်းသိရ Credit https://mobile.facebook.com/story.php?story_fbid=1516945361800906&id=100004563690204&_rdr

ကမ္မကြီးကျေးရွာတွင်မီးလောင်မှုဖြစ်ပွား

ခါမ်းပါတ်၈မတ်  စစ်ကိုင်းတိုင်းဒေသကြီးတမူးခရိုင်ခါမ်းပါတ်မြို့ကမ္မကြီးကျေးရွာတွင်ယနေ့နံနက်၁နာရီ၁၀မိနစ်ခန့်ကမီးကြွင်းမီးကျန်မှတစ်ဆင့်နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။  ဖြစ်စဉ်မှာခါမ်းပါတ်မြို့ကမ္မကြီးကျေးရွာနေမခင်မာဆွေ(၅၀)နှစ်၏သွပ်မိုး၊ထရံကာ၊ပျဉ်ခင်းပေ၄၀ပတ်လည်ခန့်ရှိနေအိမ်ကုန်စုံဆိုင်မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ပြီးကျေးရွာသူ၊ကျေးရွာသားများမှဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်းသိရသည်။ အဆိုပါမီးလောင်မှုကြောင့်လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှု၊ပတ်ဝန်းကျင်များသို့ကူးစက်မှုမရှိဘဲနံနက်၁နာရီခွဲခန့်တွင်မီးငြိမ်းခဲ့ကြကြောင်းသိရသည်။ “အဓိကကတော့ကုန်စုံဆိုင်ဆိုတော့လောင်စာအားကောင်းတယ်။နောက်မီးငြှိမ်းသတ်ဖို့ကလဲလက်လှုပ်တွင်းတွေကနေလှုပ်ရတာဆိုတော့အချိန်ကြာတယ်။ဖြစ်နိုင်ရင်ကျွန်တော်တို့ကျေးလက်တွေမှာလဲအပေါ့စားမီးသတ်စက်လေးတွေထားရှိပေးစေချင်တယ်။ဒါမှမဟုတ်တတ်နိုင်သူတွေစုပေါင်းပြီးရေစုပ်စက်တွေ၊ရေပိုက်တွေဝယ်ယူစုဆောင်းထားသင့်ပါတယ်။နောက်လောင်စာတွေဖြစ်တဲ့ကောက်ရိုးတွေ၊ဓာတ်ဆီ၊ဒီဇယ်ဆီစတာတွေကိုကျေးရွာတွင်းမှာအများအပြားမသိုလှောင်ကြဖို့လည်းလိုပါမယ်။သည်နေ့ဆိုဆီပေပါတွေရှိတယ်။ဒါတွေကိုအချိန်မီဖယ်ထုတ်နိုင်ခဲ့လို့သာဒါမှမဟုတ်ရင်တော့သည်ထက်ပိုဆိုးသွားနိုင်ပါတယ်”ဟုဒေသခံတစ်ဦးကပြောသည်။ နေအိမ်များတွင်လောင်စာဆီ၅ဂါလန်ထက်ပို၍မသိုလှောင်ကြရန်သက်ဆိုင်ရာမှညွှန်ကြားထားသော်လည်းလိုက်နာမှုအားနည်းကြောင်းသိရသည်။ Credit သားငယ်(ပထဝီဝင်)

Design a site like this with WordPress.com
Get started